ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

မိန်းမဆိုရင် ထမ်းပိုးနဲ့ရိုက်

မိန်းမတွေရဲ့ အခွင့်အရေးကို မသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာ ကိစ္စတွေ အားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာကာလလှုပ်ရှားမှုဟာ အဲ့ဒီနေ့ကစပါတယ်။

မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အမျိုးသမီး (၁၂၀၀) ကျော် သေဆုံးခဲ့ရပါတယ်။

ဉာဏ်သူပုန်နဲ့ Burma Podcast Network မှ (၁၆) ရက်တာ ကာလလှုပ်ရှားမှုအတွင်း စနစ်ဆိုးတွေ ဓလေ့ဆိုးတွေကို အံတုနေကြသော အမေများ၊ ညီမများ၊ အဒေါ်များ အပါအဝင် အမျိုးသမီးတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ချစ်ခြင်းလေးစားခြင်းဖြင့် တင်ဆက်လိုက်ရပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်