Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

စစ်အလွန်ကမ္ဘောဒီးယားနဲ့ စစ်အတွင်းက မြန်မာပြည်

“မြေကြီးဆိုတာ လူတွေရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးကို အမြစ်တွယ်ထားပေးတဲ့ အိမ်ပါပဲ”
လူတွေဟာ ကမ္ဘာမြေကြီးဆိုတဲ့ အိမ်အပေါ်မှာမှ အဖီသဘောနဲ့ အကာကွယ်ဆောက်နေကြရတယ်။ မြေကြီးကိုပဲ ယုံကြည်ရာ ကိုးကွယ်ရာအနေနဲ့ လမိုင်းတွေတင်ကြ၊ ပူဇော်ပသကြ။ ဟော မြေကြီးက‌ ပြောင်းလဲပြီး ဘေးအန္တရာယ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာလည်း ခိုကိုးရာမဲ့မဲ့နဲ့ စိတ်ကစဉ့်ကလျားဖြစ်ကြရတယ်။

ဒါပေမဲ့လူတွေဟာ အခြေနေတွေ တည်ငြိမ်ပြီထင်တာနဲ့ သီချင်းနာမည်တစ်ခုထဲကအတိုင်း မြေကြီးကို ဒုက္ခပေးကြပြန်ပါတယ်။ အခုထုတ်လွှင့်မယ့်အပိုင်းမှာ မြေကြီးကို‌ ပေးတဲ့ဒုက္ခတွေထဲက ဒုက္ခကြီးကြီးတစ်ခုအကြောင်း နားဆင်ကြရမှာပါ။ နားမဆင်ခင်မှာ ပဟေဠိကဗျာတစ်ပုဒ်ကိုလည်း အဖြေညှိစရာအလုပ်အနေနဲ့ မှန်းဆကြရဦးမှာပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်