Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ဘနိုဘိုလမ်းစဉ်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုတာ မြန်မာနိုင်ငံထက် သယံဇာတအများကြီး ပိုကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကွန်ဂိုရဲ့ နောက်ထပ်ကြွယ်ဝတဲ့ သယံဇာတကတော့ ဇီဝမျိုးကွဲတွေဖြစ်ပြီး အဲ့ဒီဇီဝမျိုးကွဲတွေထဲမှာမှ လူနဲ့အနီးစပ်ဆုံးတူညီတဲ့ ဘနိုဘိုမျောက်(Bonobo) တွေဟာလည်း ကွန်ဂိုမှာပဲရှိပါတယ်။ ဒါပေမဲ့ သယံဇာတကြွယ်ဝတိုင်း ချမ်းသာတဲ့နိုင်ငံမဖြစ်ဘူးဆိုတာ ကွန်ဂိုက သက်သေပြုနေပြန်ပါတယ်။ ဒီမတည်ငြိမ်မှုတွေကြောင့် ဘနိုဘိုတွေမှာ မျိုးသုဉ်းလုအန္တရာယ်တွေ ရှိနေတယ်။

ဘနိုဘိုတွေရဲ့ ထူးခြားဆန်းပြားပုံတွေ အမျိုးမျိုးထဲမှာ အထီးအမ သဟဇာတကျကျ စုပေါင်းခေါင်းဆောင်စနစ်နဲ့ လူဆန်ဆန်ပြုမူ ဆောင်ရွက်ကြပုံတွေပါပါတယ်။ ဒီပေါ့ဒ်ကတ်စ်ထဲမှာ ဘနိုဘိုတွေအကြောင်း၊ စုပေါင်းခေါင်းဆောင်မှု၊ ခေါင်းဆောင်မှုစွမ်းရည်ကို တစ်ဆင့်ချင်းကြိုးစား ရရှိမှုတွေအကြောင်း ဝါရင့်ရုပ်သံအစီစဉ်တင်ဆက်သူ ဦးချမ်းအေးရဲ့အသံနဲ့ နားဆင်ကြရမှာ ဖြစ်ပါတယ်။ နားဆင်ကြသူအားလုံး လောကအမှောင်ကို ဉာဏ်မီးရောင်နဲ့ မြင်ကြားနိုင်ကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်