Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

ကျေးလက်ဒေသတွေဆိုတာ တစ်ချိန်က ကိုယ်စီလောကနိဗ္ဗာန်လေးတွေနဲ့ ပျော်စရာဓလေ့တွေ အများကြီးရှိခဲ့ပါတယ်။ ချောင်းနားနီးတဲ့ရွာတွေဆိုရင်တော့ ကလေးတွေအတွက် စပါယ်ရှယ်ပေါ့။

ဒီအပိုင်းမှာ ချောင်းနားနီးတဲ့ရွာတစ်ရွာက ကလေးတစ်သိုက် ကစားကြရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကို အသက် ၁၂ နှစ်အရွယ် မောင်မောင်က ပြန်ပြောပြထားတာပါ။ အလားတူအဖြစ်အပျက်တွေဟာ ပျော်စရာနိဗ္ဗာန်လေးတွေဖြစ်ခဲ့တဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ထူးမခြားနား ထူးခြားဖြစ်စဉ်တွေဖြစ်ပါတယ်။

ကဲ ဒီအစီအစဉ်ကို မောင်မောင့်ပြန်ပြောပြမှုနဲ့အတူ Podcast For Change ရဲ့ ပထမဆုံး Episode ကို Burma Podcast Network ရဲ့ Platform တွေမှာ နားဆင်နိုင်ပါပြီ။ ဇာတ်ကြောင်းပြောပြသူ မောင်မောင်အဖြစ် အသက် ၁၂ နှစ်အရွယ် ဇေရဲထက်နိုင်က ကူညီအသံသွင်းထားပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်