Memories of a Poet

Hosted ByNyein Wai

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီး နှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို "ကဗျာဆရာ၏ မှတ်ဉာဏ်များ" သို့မဟုတ် "Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါဦးခင်ဗျာ။

ခေတ်ကိုသိချင်ရင် ကဗျာထဲမှာရှာဆိုတဲ့ “မိုးပြိုည”

ခေတ်တစ်ခေတ်အကြောင်းကို သိချင်တဲ့အခါမှာ ကဗျာတွေထဲမှာ ပြန်ရှာကြည့်လို့ ဆိုကြပါတယ်။ စစ်ဖိနပ်အောက်က ရုန်းကန်သံတွေဟာ ဒီနေ့ဒီအချိန်အထိ သောင်ရင်းမြစ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့တာ နှစ်ခုနှစ်ဆယ် ကျော်ခဲ့ပါပြီ။ “မိုးပြိုည”ဆိုတဲ့ ဒီကဗျာတစ်ပုဒ်ကလည်း ခေတ်ပျက်ကြီးထဲက မှတ်တမ်းတစ်စောင်ပါပဲ။

နားဆင်ကြပါဦးဗျာ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်